Apr 12, 2017

Salai Ceu Bik Thawng Nih Kawl Titoih Puai Kongah Chinram Cozah Sin Cakuat

Kawl ca in a tialmi Klawca ning tein rak thlah chin a si. Laica in relnak link...Laica In Relnak
ချင်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် သင်္ကြန်ပွဲတော် ကျင်းပရန် စီစဉ်မှုအပေါ် ၀န်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ

သို့
ဝန်ကြီးချုပ်
ချင်းပြည်နယ်အစိုးရအဖွဲ့
ဟားခါးမြို့၊ ချင်းပြည်နယ်

လေးစားအပ်သော ၀န်ကြီးချုပ်ခင်ဗျာ၊

ဗုဒ္ဓဘာသာ/ဗမာလူမျိုးများ အထွဋ်အမြတ်ထားသော သင်္ကြန်နှစ်သစ်ကူး အခါတော်မြတ်၌ ၀န်ကြီးချုပ် နှင့်တကွ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ဦးစွာပထမ ဆန္ဒပြုမေတ္တာပို့အပ်ပါသည်။

ယခုနှစ်တွင် ကျရောက်သော အတာသင်္ကြန်ပွဲတော်ကို အရင်စစ်အစိုးရ ခေတ်အဆက်ဆက်များကဲ့သို့ ၀န်ကြီးချုပ်ဦးဆောင်မှုဖြင့် ချင်းပြည်နယ်အစိုးရက ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိရာတွင် မိမိအနေဖြင့် စိုးရိမ်ဖွယ်ရာ အချက်များကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

(က) သင်္ကြန်သည် အစဉ်အလာအရ ဗုဒ္ဓဘာသာ/ဗမာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ လူမျိုးနှင့် ဘာသာခြားများဖြစ်သော ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုး နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသူ/သားများအား ပြည်နယ်အစိုးရက နိုင်ငံတော်ယန္တရား (State Mechanism) အသုံးပြု၍ ကပြဖျော်ဖြေခိုင်းစေခြင်းသည် ဘာသာနှင့်လူမျိုး မတူကွဲပြားမှုကို လေးစားတန်ဖိုးထားခြင်း မပြုရာရောက်ပါသည်။

(ခ) တည်ဆဲဥပဒေတွင် သင်င်္ကြန်ပွဲတော်ကို နိုင်ငံတော်အစီအစဉ်ဖြင့် အစိုးရက ကျင်းပပြုလုပ်ရန် ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် အစိုးရရုံးချိန်ပြင်ပနှင့် နိုင်ငံတော် ရုံးပိတ်ရက်များတွင် ဤကဲ့သို့ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသူ/သား များကို ကပြဖျော်ဖြေ ခိုင်စေခြင်းသည် သင့်တော်မှုမရှိသည့်အပြင် အတင်းအဓမ္မ ခိုင်းစေခြင်းဆိုရာ ILOစာချုပ် (Convention) အမှတ် ၂၉ နှင့် ကိုက်ညီမှုမရှိဟု ယူဆပါသည်။

(ဂ) ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေကို သင်္ကြန်ပွဲကျင်းပဖို့ သုံးစွဲလျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် ပုဂ္ဂိုလ်တစ်ချို့ထံ ယခုလို ရန်ပုံငွေ ကောက်ခံခြင်းသည် ဒီမိုကရေစီအစိုးရအနေဖြင့် လုံးဝ မလုပ်သင့်မလုပ်အပ်သော အရာဖြစ်ပါသည်။

သို့ဖြစ်၍ မိမိအနေဖြင့် ၀န်ကြီးချုပ်ဦးဆောင်သည့် ချင်းပြည်နယ်အစိုးရအဖွဲ့ကို အောက်ပါအတိုင်း အလေးအနက် အကြံပြုတိုတ်တွန်းပါသည်။

(၁) အစိုးရအစီအစဉ်ဖြင့် သင်္ကြန်ပွဲတော် ကျင်းပခြင်း(ကျင်းပရန်စီစဉ်ခြင်း)ကို ရပ်တန့်ရန်၊

(၂) အကယ်၍ ရပ်တန့်ခြင်းမပြုပဲ ဆက်လက် ကျင်းပပြုလုပ်မည်ဆိုလျှင် ချင်းပြည်နယ်တွင် လူများစုဖြစ်သော ချင်းလူမျိုး/ခရစ်ယာန် ပြည်သူများ၏ နေ့ထူးနေ့မြတ် ခရစ်စမတ်ပွဲတော် (Christmas)ကိုလည်း အစိုးရ အစီအစဉ်ဖြင့် တစ်ပြည်နယ်လုံးတွင် ကျင်းပပြုလုပ်ပေးရန် (ထို့သို့ ကျင်းပပြုလုပ်ပေးမည့် အကြောင်းကို ၀န်ကြီးချုပ်၏ သင်္ကြန်ပွဲတော်အစီစဉ်အပေါ် ၀မ်းနည်း စိတ်မကောင်းဖြစ်ကြသော ချင်းပြည်သူများထံ စောလျှင်စွာ အသိပေး ကြေညာပေးရန်)၊

(၃) အကြောင်းကြောင်းကြောင့် သင်္ကြန်ပွဲတော်ကို ဆက်လက်ကျင်းပမည် ဆိုပါက ဗုဒ္ဓဘာသာ/ဗမာလူမျိုး မဟုတ်သော အစိုးရ၀န်ထမ်းများနှင့် ကျောင်းသူ/သားများအား အလုပ်ခိုင်းစေခြင်းနှင့် နိုင်ငံသားများထံ ရန်ပုံငွေ ကောက်ခံခြင်း မပြုလုပ်ရန်။



လေးစားစွာဖြင့်

ဆလိုင်းကျဲအိုဘိခ်ထောင်
(0943094087 - ၄/ထတလ(နိုင်) ၀၃၆၇၉၃)
ရန်ကုန်မြို့။
၂၀၁၇ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့။